Tuesday, December 23, 2014

ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းမျာ


အရင်ဆုံး Memory Stroage အကြောင်းလေးကို ပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံး အလွယ်ပြေးမြင်လို့ရတာ SD Card ပါ။ တကယ်တော့ SD Card ဆိုတာ Memory Stroage လို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်းတွေနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါဘူး။

အပိုထည့်သွင်းထားတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ပိုပြီး မြင်သာသွားအောင် ပြောရရင် SD Card မပါလဲ ဖုန်းဟာ ဆက်ပြီး အလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ သုံးနေကြတဲ့ ဖုန်းတွေဟာ ဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memory ပေါ်မှာသာ ROM ကိုတင်ပြီး အသုံးပြုနေရခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ဖုန်းဝယ်သူ တော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲ ဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။

Build in memory ဘယ်လောက်ပါလဲဆိုတာကို ကြည့်လေ့မရှိကြပါဘူး။ ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာ ဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့် လေးရလဲဆိုတာကို အလွယ်ပြောလို့ ရပါပြီ။ အဲဒီ Build in memory ပြည့်လုနီးနီး ဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရှုပ်ထွေးနေတာလို့ ပြောရင်ရပါပြီ။ ဥပမာ - Build in memory 1 GB ပါတဲ့ ဖုန်းကို ၀ယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM က တ၀က်ကျော်ကျော်လောက်ကို ကျိမ်းသေ နေရာယူပါတယ်။

ပြောရရင် ဖုန်းရဲ့ Build in memory က ၀ယ်ကတည်းက တ၀က်ကျော်ကျော် သုံးထားပြီးသား ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆက်ပြီးသုံးမယ်ဆို ပြည့်ပြည့်သွားခြင်း ၊ ရှုပ်ထွေးခြင်းတွေ ဖြစ်သွားတဲ့အတွက် ဖုန်းတွေ လေးလံနှေးကွေးရခြင်း ဖြစ်ပါတယ်။

နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆိုတာပါ။ ဒါကတော့ အမျိုးမျိုး ဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့် အောက်ပါအချက်များကြောင့် အဖြစ်များလေ့ရှိပါတယ်။

၁) Application တွေ ခဏခဏတင်ခြင်း၊ ဖျက်ခြင်း Built in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင် ကိုယ်မသိလိုက်ဘဲ အလိုအလျောက် နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ့်လည်း ဆက်ပြီးတော့ Data တွေကျန်ခဲ့တာမျိုး ရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြဿနာရှိမှာ မဟုတ်ပါဘူး)

၂) Game ဆော့များခြင်းက ကိုယ်ရဲ့ ဆော့လက်စ ဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန် က နောက်ဆုံး ဆော့ထားတာ စတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ သိမ်းထားတယ်ထင်လဲ။ စဉ်းစား ကြည့်လိုက်ပါ။ Game တစ်ခုကိုထည့်ရင် 1 MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝ မဆော့ရသေးခင် အချိန်မှာပါ။ ဆော့ပြီးသွားရင်တော့ ဆော့လက်စ အခန်းတွေ ပုံတွေ ဒါတွေကို သက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီး ကျပ်ညပ်လာတတ်တာ မျိုးလဲ ဖြစ်တတ်ပါတယ်။

၃) SD Card မသုံးခြင်းအပေါ်က အချက်တွေကို ဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင် သက်သာစေပါတယ်။ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App တွေ စသည့် Data တွေကို SD Card ထဲမှာ ရွေ့ပြီး သိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်း လျော့နည်းစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို ရွေ့ပြောင်းခြင်း ခွင့်မပြုပါဘူး။

ဒါကြောင့် အတိုချုံပြီး ပြောရရင် SD Card ထဲကို App တွေ Game တွေကို စကတည်း Install လုပ်ထား သင့်ပါတယ်။

ဒီတော့ နောက်ဆုံး အဲလိုဖြစ်လာပြီ။ လေးလာပြီ နှေးလာပြီဆိုရင် မိမိဖုန်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကအချက်ပါ။

၁) အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကို အရင်ဝင်စစ်ကြည့်ပါ။ Setting အောက်က App အောက်မှာ ၀င်ရောက်ကြည့်ရင် တွေ့ရပါလိမ့်မည်။ App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ။

၂) တစ်ခုခြင်း ရှင်းတာ တောင်မရတော့ဘူးဆိုရင်တော့ နောက်ဆုံး ဘာလုပ်လို့ရနိုင်မလဲဆိုတာက ရိုးရှင်းပါတယ်။ Factory Restart ချလိုက်ရုံပါပဲ။ Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင် ဖုန်းက ၀ယ်လာတဲ့အတိုင်း ပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ်။ ဒါပေမယ့် ကြိုတင်သိထားရမှာက တင်ထားသမျှ ဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာ မှန်သမျှ အကုန်ကုန်ပါလိမ့်မယ်။

ဒီလိုမကုန်အောင် ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့ မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီး အဆင်ပြေနိုင်ပေမဲ့ ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ်။ လုပ်ဆောင်ရမှာက ရှိသမျှ လိုသမျှတွေ Backup ဆွဲမယ်။ ပြီးရင် Factory data reset ချမယ်။ ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ် လိုက်ရင် အဆင်ပြေပါပြီ။
                Linyar ကူးယူခဲ့သည်

ဖုန်းကိုအသုံးပြုရာမှာ မြန်​ဆန်​​အောင်​ ထိန်းသိမ်းနည်း ၁၀ နည

ကိုအသုံးပြုရာမှာ မြန်​ဆန်​​အောင်​ ထိန်းသိမ်းနည်း ၁၀ နည်း လက်​ရှိအချိန်​မှာ​တော့ Android Device ​တွေဟာဆိုရင်​ အ​ရေအတွက်​အားဖြင့်​ အလွန်​ကို မြင့်​တက်​လာတဲ့အ​နေအထားမှာရှိ​နေပါတယ်​။ တန်​ဖိုးအားဖြင့်​လည်းသင့်​တင့်​လာပြီးရွေးချယ်​စရာ Brand အမျိုးအစားများပြားလာခြင်း​ဟာလည်း Android ရဲ့ အားသာချက်​ပဲဖြစ်​ပါတယ်​။ Android Device အသုံးပြုသူ​များအ​နေနဲ့ မိမိအသုံးပြုထားတဲ့ Android Version နဲ့မကိုက်​ညီတဲ့အခါမှာဖြစ်​​စေ၊ Hardware ရဲ့အားနည်းချက်​​ကြောင့်​ Application ​တွေကို အသုံးပြုရာမှာ ​လေးလံမှု​တွေရှိလာနိုင်​ပါတယ်​။ ဒီလို​လေးလံ​နှေး​ကွေးမှု​တွေအတွက်​​တော့မဟုတ်​​ပေမယ့်​ မိမိရဲ့ Android Device မြန်​မြန်​ဆန်​ဆန်​​လေး​​အသုံးပြုချင်​တယ်​ဆိုရင်​​တော့ ​အောက်​ပါ အချက်​​ ဆယ်​ချက်​ကို​လုပ်​​ဆောင်​ကြည့်​ခြင်းအားဖြင့်​ လုပ်​​ဆောင်​ချက်​​တွေကို မြန်​မြန်​ဆန်​ဆန်​လုပ်​​ဆောင်​နိုင်​မှာဖြစ်​ပါတယ်​။ 1. Hardware နှင့်​ Version မမျှတခြင်းမဖြစ်​​စေရန်​ စစ်​​ဆေးပါ။ Android ရဲ့ ICS Version ကိုအသုံးပြုချင်​​ပေမယ့်​ မိမိရဲ့ Hardware အ​ကြောင်းကိုနားလည်​ထားဖို့လိုအပ်​မှာဖြစ်​ပါတယ်​။ Hardware နဲ့ကိုက်​ညီမှုမရှိဘူးဆိုရင်​ Version Upgrade ပြုလုပ်​ခြင်းကို ​ရှောင်​ကြဉ်​ရမှာဖြစ်​ပါတယ်​။ Hardware ကိုက်​ညီမှုရှိမရှိသိချင်​တယ်​ဆိုရင်​​တော့ Android Forum ​တွေမှာဝင်​​ရောက်​​ဆွေး​နွေးနိုင်​မှာဖြစ်​သလို၊ နားလည်​တတ်​ကျွမ်းသူများနဲ့လည်းတိုင်​ပင်​နိုင်​မှာဖြစ်​ပါတယ်​။ 2.Launcher ကို စနစ်​တကျအသုံးပြုပါ။ တချို့​သော Android Device ​တွေမှာဆိုရင်​ Launcher တစ်​ခုထက်​မကအသုံးပြုတာကို​တွေ့ရပြီး၊ တစ်​ချို့​သော Launcher များဟာလည်းလုပ်​ဆောင်​မှုကို ပိုမို​လေးလံ​စေပါတယ်​။ တစ်​ခါတစ်​ရံမှာဆိုရင်​ Launcher Error ဖြစ်​​ပေါ်တတ်​ပြီး အဆိုပါ Error အရ Reset ပြုလုပ်​ရခြင်းမျိုး​တွေ ကြုံ​တွေ့ရတတ်​ပါတယ်​။ဒါ​ကြောင့်​မို့ မိမိနဲ့ သင့်​​တော်​နိုင်​မယ့်​ Launcher အမျိုးအစားတစ်​ခုထဲကိုသာ သတ်​မှတ်​အသုံးပြုသင့်​ပါတယ်​။ 3.Home Screen ကို စနစ်​တကျပြင်​ဆင်​ထားပါ။ Android Device တစ်​ခုမှာ အရင်​ဆုံးထိ​တွေ့ရတာ Home Screen ပဲဖြစ်​ပါတယ်​။ လုပ်​​ဆောင်​ချက်​​တွေကိုလည်း Home Screen ​ပေါ်မှာ ပြင်​ဆင်​ထားနိုင်​ပြီး၊ အလွန်​များပြားတဲ့ ထည့်​သွင်းမှုမျိုးက​တော့ လုပ်​​ဆောင်​ချက်​တိုင်းရဲ့ အချိန်​ကိုပိုမိုကုန်​​စေနိုင်​မှာဖြစ်​ပါတယ်​။ Wi-fi,Bluetooth,GPS,Lights တို့ပါဝင်​တဲ့ Widgets လိုမျိုးထည့်​သွင်းထားမယ်​ဆိုရင်​​တော့ လုပ်​​ဆောင်​ချက်​​တွေကို ပိုမိုမြန်​ဆန်​​စေမှာဖြစ်​ပါတယ်​။ 4. Favourite App များကို Home Screen တွင်​ထားပါ။ အထက်​မှာဆိုခဲ့သလိုပဲ Home Screen ​ဟာဆိုရင်​ Android Device တစ်​ခုရဲ့ပင်​မလုပ်​​ဆောင်​မှု​နေရာတစ်​ခုဖြစ်​ပါတယ်​။ မိမိရဲ့အသုံးပြုမှုများတဲ့ Favourite App ​တွေကို Home Screen ​ပေါ်မှာထားရှိခြင်းအားဖြင့်​ လုပ်​​ဆောင်​ချက်​​တွေကို ပိုမိုမြန်​ဆန်​လာ​စေနိုင်​မှာဖြစ်​ပါတယ်​။ App ​တွေကို Page တစ်​ခုအတွင်းမှာ စုစည်းထားရှိပြီး အသုံးပြုမယ်​ဆိုရင်​ ပိုမိုအဆင်​​ပြေ​စေနိုင်​မှာဖြစ်​ပါတယ်​။ 5.Animation လုပ်​​ဆောင်​ချက်​ကိုပိတ်​ထားပါ။ Animation လုပ်​​ဆောင်​ချက်​ကို Display Setting မှတစ်​ဆင့်​ပိတ်​ထားမယ်​ဆိုရင်​ ပိုမိုမြန်​ဆန်​တဲ့ Android Device တစ်​ခုကိုအသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ Animation ​တွေဟာ System ပိုင်းလုပ်​​ဆောင်​​ချက်​​တွေကို ထိခိုက်​မှုရှိလာနိုင်​တဲ့အတွက်​ ပိတ်​ထားဖို့လိုအပ်​မှာဖြစ်​ပါတယ်​။ Animation ကိုပိတ်​မယ်​ဆိုရင်​​တော့ Setting>Display>Animation ထဲက No Animation ကို​ရွေးချယ်​​ပေးရမှာဖြစ်​ပါတယ်​။ 6.Browser မှ Plugin ​တွေကိုပိတ်​ထားပါ။ Android Device တစ်​ခုဟာဆိုရင်​လက်​ရှိအချိန်​မှာ​တော့ အင်​တာနက်​အသုံးပြုနိုင်​ဖို့ အားထားရာတစ်​ခုဖြစ်​လာပြီဖြစ်​ပါတယ်​။ Web browser ​တွေရဲ့ Plugins ​တွေဟာဆိုရင်​လုပ်​​ဆောင်​ချက်​ပိုင်းကို ထိခိုက်​နိုင်​တဲ့အတွက်​​ကြောင့်​ အသုံးမလိုချိန်​မှာ ပိတ်​ထားသင့်​ပါတယ်​။ Browser Plug-ins ​တွေကိုပိတ်​ထားချင်​တယ်​ဆိုရင်​​တော့ Browser>Setting>Enable Plug-ins ထဲက Off ကို ​ရွေးချယ်​​ပေးရမှာဖြစ်​ပါတယ်​။ 7.သာမန်​ Wall paper များကိုသာ ဦးစား​ပေးအသုံးပြုပါ Android Device ​တွေရဲ့ စွမ်း​ဆောင်​ရည်​​တွေဟာ တစ်​လုံးနဲ့တစ်​လုံး မတူညီကြ​ပေမယ့်​ သာမန်​ Wall Paper ကို အဓိကထားအသုံးပြုခြင်းဟာ စက်​အတွက်​များစွာသက်​သာ​စေနိုင်​မှာဖြစ်​ပါတယ်​။ Live Wall Paper ​တွေဟာဆိုရင်​ လုပ်​​ဆောင်​ချက်​​တွေကို​နှေး​ကွေး​စေနိုင်​မှာဖြစ်​လို့ အသုံးပြုရာမှာ အခက်​အခဲဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင့်​ သာမန်​ Wall Paper ​တွေကိုသာအသုံးပြုသင့်​ပါတယ်​။ 8.အသုံးမပြု​သော App များကို ဖျက်​ပစ်​ပါ Android Device တစ်​ခုအတွင်းမှာ အသုံးမပြု​တော့တဲ့ App ​တွေကို ဖျက်​ပစ်​သင့်​ပါတယ်​။မလိုလားအပ်​တဲ့ Space​ ​တွေ ကုန်​ဆုံး​စေနိုင်​မှာဖြစ်​သလို၊ Background Process အ​နေနဲ့ Run ​နေမယ်​ဆိုရင်​ လုပ်​​ဆောင်​ချက်​ပိုင်းကို များစွာထိခိုက်​​စေနိုင်​မှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ အသုံးမပြု​တော့တဲ့ App ​တွေကိုဖျက်​ပစ်​ရမှာဖြစ်​ပါတယ်​။ 9.App End အတွက်​ Task Killer အသုံးပြုပါ Task Killer ဟာဆိုရင်​ Android ​ပေါ်မှာ Background Process ​တွေကိုပိတ်​ချင်​တဲ့အခါမျိုးမှာ အသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ မလိုလားအပ်​တဲ့ App ​တွေ​ကြောင့်​ စက်​​လေးလံမှုကိုဖြစ်​​စေနိုင်​ပြီး၊ Task Killer လိုမျိုး App ​တွေဟာ Android Device ​တွေကို အမြန်​ဆန်​ဆုံးအ​နေအထားနဲ့ အသုံးပြုနိုင်​​အောင်​ ကူညီ​ပေးမှာဖြစ်​ပါတယ်​။ 10.Wi-fi, Bluetooth တို့ကို အသုံးပြုချိန်​တွင်​သာ ဖွင့်​ထားပါ Wi-fi, Bluetooth တို့ကိုအသုံးမပြုချိန်​မှာ ပိတ်​ထားမယ်​ဆိုရင်​ Battery Life Time ပိုမိုကြာမြင့်​​စေနိုင်​မှာဖြစ်​သလို၊ အခြား​သော လုပ်​​ဆောင်​ချက်​ပိုင်းဆိုင်​ရာကို အ​နှောင့်​အယှက်​​ပေးနိုင်​မှာ မဟုတ်​​တော့ပါဘူး။ ဒါ​ကြောင့်​ Home Screen ​ပေါ်မှာ Widget တစ်​ခုဖန်​တီးထားပြီး အလွယ်​တကူ အဖွင့်​အပိတ်​ပြုလုပ်​နိုင်​ဖို့ ဖန်​တီး​ပေးထားသင့်​ပါတယ်​။ ✏ကိုစိုင်း✏ Internet Journal Linyar ကူးယူခဲ့သည်

ဖုန်းထဲက Secret Code ကြည့်လို့ ရတဲ့

ကိုကြည့်လို့ရတဲ့ Shortcut Master (lite) APK

လုံးဝ အသုံးဝင်တဲ့ application တစ်ခုဆိုတာသေချာပါတယ်...  ဖုန်းထဲက ကိုယ်မသိတဲ့ code နံပါတ်တွေ အများကြီ ရှိနေတယ်ဆိုတာ သိလိုက်ရတယ်... ဥပမာ တစ်ခုဆိုရင် ကျနော်တို့ Huawei မှာ Product ID သိချင်ရင် *#*# 1357946#*#* လို့ရိုက်ရတယ်လို့တော့ သိတယ် အဲလို code တွေကို ဖော်ပြပေးပါတယ်.. ကျန်တာတွေလဲ အများကြီးရှိသေးတယ်.. ကိုယ်တိုင်သာ ကလိကြည့်ကြပါ

Download link

https://www.dropbox.com/s/fzfqs87ar9grzht/org.vndnguyen.shortcutmaster.lite-1.apk?dl=0

့Rootလုပ်နည်း(computerမလိုပါ)

့Rootလုပ်နည်း(computerမလိုပါ)

ဒီနေ့ ဦးအာကာသူငယ်ချင်းနဲ့ တွေ့ တယ် သူနဲ့ ဦးအာကာကစိတ်ဆိုးနေတာပေါ့ ဗျာ သားကြီးဘယ်သွားဖို့ လဲကွလို့ သူဖက်ကပြောတော့ ဦးအာကာကလဲပြန်ဖြေလိုက်ပါတယ် သူကပြောတယ် သားကြီးရာ ငါ့ ဒီနေ့  ငါဖုန်းတလုံးဝယ်လားတယ် rootဖောက်ခိုင်ဖို့ မင်းဆီဖုန်းဆက်တာ မင်းကမအားဘူးဖြစ်နေလို့ ငါ ဖုန်းဆိုင်တဆိုင်မှာသွားလုပ်လိုက်တယ်တဲ့  5000ထောင်ကျတယ်ကွ ဦးအာကာတော်တော်အံသြံသွားတယ် root လေးဖောက်တာကို5000ထောင်တောင်ယူတယ်တဲ့  ပြီးတော့  သူတို့ ပညာက5000လောက်တန်းပါမှာလား 2000ထောင် 3000ထောင်လောက်ဆိုတော်ပြီးပေါ့   ဘာများခက်နေလဲလို့  ဦးအာကာသူငယ်ချင်းလို့ မဖြစ်အောင်ဦးအာကာ နည်းလေးပြောပြလိုက်မယ်နော်  computerမရှိလဲ ဖုန်းတလုံးနဲ့ တင်ဖောက်လို့ ရတယ် ဘာမှမပူနဲ့ ဦးအာကာနည်းလေးအတိုင်းပဲလုပ် အားလုံးအဆင်ပြေသွားမယ်

သတိ--(Huawei-sony-Coolpad-LG)စမ်းသပ်တာအောင်မြင်ခဲ့ ပါတယ်
ကျန်တဲ့ အမျိုးအစားတွေတော့ကိုယ်တိုင်းပဲစမ်းသပ်ကြည့်လိုက်တော့နော်

အရင်ဆုံးdowရရှိထားတဲ့ Root apkလေးကိုဖွင့်ပါ 
ပုံမှာတွေတဲ့ အတိုင်း Rootဆိုတဲ့ စာသားကိုနှိပ်ပါ
သူပါသားသူဆက်လုပ်နေပါလိမ့်မယ် ထက်ပြီး Root နဲ့ တရုတ်သာသား(---)တွေပါလိမ့်မယ်
Rootကိုထက်နှိပ်ပါ သူပါသားသူဆက်လုပ်နေပါလိမ့်မယ် ပြီးရင် ပုံမှာတွေတဲ့ အတိုင်း
ခရမ်းရမ်းရောင်နဲ့ ပြထားတဲ့ စာသားကိုမနှိပ်ရသူဘေကစာသားကိုနှိပ်ပါ
ဒါဆို သင့်Rootရသွားပါမယ် ကဲတာဆို ဘာဆက်လုပ်မလဲ zawgyiပြောင်းဖို့ ပဲလိုတော့တယ်
MMSDရဲ့  smart zawgyi installerနဲ့ ပြောင်းလိုက်မယ်
zawgyi apkကိုဖွင့်ပါ Rootရှိ-မရှိစစ်ဆေးပါ။ကိုနှိပ်ပါ
သင့်မှာRootရှိနေပါက Refuse နဲ့  allowစာသားပြပါလိမ့်မယ်
ကဲသင့်ဟာ allowစာသားကိုနှိပ်ပေးလိုက်ပါ Huaweiနဲ့ တခြား ဆိုတဲ့ စာသားကိုနှိပ်လိုက်ပါ
sonyဆိုရင် sonyပေါ့ ဗျာ 
စာသားကိုနှိပ်ပြီးပါက Rebootကျရန်အတွက် okနှိပ်ပေးလိုက်ပါ 
ပြန်တတ်လာရင် ကီးဘုတ်ပါ ထည့် စရာမလိုတော့ပါဘူး
settingsကိုသွားပါ language and input ဆိုတာကိုဝင်ပါ
defaultဆိုတဲ့ စာသားကိုနှိပ်ပြီး Frozenkeyboardကိုပြောင်းပေးလိုက်ပါ
root apk နဲ့   zawgyi apkကို zipနဲ့ ပေါင်းပြီးပေးထားပါတယ်

Downloadရယူရန်linkုပေးထားပါတယ်ဲ့ linkကနေဒေါင်းယူနိုင်ပါတယ်

 Download

https://s12.solidfilesusercontent.com/NjQyMGNkYjEyYmE5M2VlMjllMjU2YzRhYTRiZGE1M2YwMmYxMjBmZDoxWTJHbmE6T2JwRFg3U2R5b0ZoeDhvV2FuSE9ud2hQTGRF/3d8f59c54c/ooarkar_Root%28www.ooarkar.com%29.rar

www.ooarkar.com
Visit website

       Linyar ကူးယူခဲ့သည်

Friday, December 19, 2014

Recovery Rom နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတ


Recovery  Rom အကြောင်းဗဟုသုတ
=================================

 တစ်ချို့ က ဖုန်းတွေကို root လုပ်ချင်တယ်မြန်မာစာထည့် ချင်ကြတယ် ။လုပ်နည်းလေးတွေကို ပုံသေနည်းနဲ့ တောင်းကြတယ်။အဲဒီအတွက်ကလုပ်ဖို့ တစ်ခုပဲရှိတယ် မိမိကိုယ်တိုင်နားလည်သဘောပေါက်အောင် လေ့ လာဖို့ ပါပဲ ။ယခု ရေးတဲ့ စာကိုသေသေချာချာဖတ်ပြီးသွားရင်တော့  မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ တစ်ခုတော့ ရနိုင်မယ်လို့ မျှော်လင့် ပါတယ်။ဒါကိုသေသေချာချာဖတ်ပြီးရင်တော့ သာမန် နားမလည်တဲ့ သူတွေတောင်ဘာလုပ်ရမယ်ဆိုတာနားလည်သွားအောင်ရှင်းပြပေးထားပါတယ်။

Android ဖုန်းကိုင်ထား
တဲ့ မိတ်ဆွေတိုင်းဖတ်ထားသင့် ပါတယ်လို့ ယူဆလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Recovery မှာ (၂)မျိုးရှိပါတယ်
-------------------------------
(၁)Android System Recovery (or) Stock recovry
(၂)Clock work mod recovery (or) Custom  recovery ဟူ၍ နှစ်မျိုး
ရှိပါတယ် ...

 ( ၁ )Android System Recovery (or) Stock recovry
--------------------------------------------------------
Stock recovery ဆိုတာ ဖုန်း စ၀ယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာ
နဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ ပါနေပါလိမ့်
မည် အဲဒါကို Stock recovery လို့ခေါ်ပါသည်သူ့ မှာအောက်ပါအတိုင်းပါဝင်ပါတယ်။

reboot system now
apply update from external storage
wipe data/factory reset
wipe cache partition
apply update from cache

အဲဒါတွေ အများစုပါပါတယ် တစ်ချို့တလေ ကတော့နည်းနည်းကွဲလွဲပါတယ် Stock recovery
-----------------
  Stock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip
တွေလောက်ဘဲ အသုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့
ဖုန်းကို ဖုန်းဝယ်စဉ်က အတိုင်း ပြန်ဖြစ်အောင်လုပ်တာပေါ့ အထဲက မိမိ
ထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာ ဖြစ်ပါတယ်။

 update.zip
---------------
မိမိ လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို
တစ်ခါတည်း ထည့်သွင်းတဲ့ သဘောပါ။

 wipe cache
-------------------
 wipe cache  လုပ်တယ်ဆိုတာကတော့ စက်ရဲ့ (background )
က run နေတဲ့ ကောင်တွေကို ရှင်းပေးတဲ့ သဘောပါ / ( ဥပမာ  ) စက်နည်းနည်းလေး
နေရင် wipe cache လေး လုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားစေပါတယ်။
wipe cache လုပ် လိုက်ရင် အထဲက data တွေ ဘာမှမပျက်
ပါဘူး....

(၂)Clock work mod recovery(or)Custom recovery(CWM)
-----------------------------------------------------------------------
 Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ်။
  Hacker တွေ တီထွင်ထားတာကို သုံးထားတဲ့ သဘောပါ။အရင်ကတည်းက  Android က open source ဖြစ်တဲ့ အတွက် ကိုယ့်လုပ်ချင်တာ လုပ်လို့ ရတယ်
ဆိုတဲ့ သဘောပေါ့ ဒီကောင်လေးကတော့ Stock recovery ထက် အများကြီး
လုပ်ဆောင်နိုင်ပါတယ်သူထဲမှာ ဘာတွေ ပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်
တွေအပြင်တစ်ခြားထူးခြားကောင်းမွန်လှတဲ့လုပ်ဆောင်ချက်တွေလည်း ပါပါတယ်

Clock work mod recovery မှာ
-----------------------------------
reboot system now
apply sdcard:update.zip
wipe data/factory reset
wip cache partation
install zip from sdcard
backup and restore
mounts and storage
advanced

 ဆိုတဲ့ အချက်တွေ အပြင်တစ်ခြားအချက်လက်တွေလည်း ပါပါတယ်  Clock work mod recovery ကို
  cwm လို့ အများကအတိုကောက်ခေါ်ဝေါ် သုံးစွဲ ကြပါတယ် cwm ရဲ့ လုပ်ဆောင်ချက်တွေက
တော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ်  system file တွေကို ဆွဲထုတ်ပြီးတော့ sd card
ထဲမှာ သိမ်းထားတဲ့လို့ ရပါတယ် အကယ်၍ system ကိုမိမိ ကလိ
လိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်ရင်ရပါတယ် ။ cwm ကနေ
  root ,မြန်မစာတွေ ကိုထည့် သွင်းနိုင်ပါတယ် ။  ဥပမာ  huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့
root.zip ဆိုတဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့်
ထားလို့ hacker တွေ ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါ
အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေးကိုလည်း ကိုယ့်ကိုတိုင် ထွင်တတ်နေကြ
ပါပြီ Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေး
တယ် ။

  Custom ROM
-------------------------
  Custom rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware) ကို
Modify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official
firmware တင်လို့မရတဲ့ ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Hacker တွေထွင်
ထားတဲ့ custom rom တွေကို သုံးကြပါတယ် ဒါပေမဲ့လည်း custom rom မှာက
အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ error,ဘလူးတု error,
အဖြစ်များပါတယ် အဲဒီအတွက်ကြောင့် မို့လို့ custom rom တင်မယ်ဆိုရင် error
ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာများပါတယ်အများသောအားဖြင့်  custom rom မှာ zip ဖိုင်နဲ့ လာတာများပါတယ် ဒီကောင်လေးကလည်း cwm ရှိမှဘဲ
သွင်းလို့ရမှာဖြစ်ပါတယ်...

  Custom ROM သွင်းနည်း
-------------------------------------------
  Format ချထားတဲ့
memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖိုင်လေး ကိုထည့်ပြီးတော့
install sd card  ကနေ။  သွင်းပေးရမှာ ဖြစ်ပါတယ်။

system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ်။  factory reset တွေ
လည်း ပြုလုပ်နိုင်ပါတယ်။  Huawei ဖုန်းတစ်ချို့ နှင့် အခြား ဖုန်းတွေ
မှာ cwm တင်ထားတဲ့ အတွက် official rom(official firmware) ပြန်တင်လို့
မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့
official firmware ကို ပြန်တင်ပေးရပါတယ်။ 

 CWM Recovery တွေကို ဘယ်
ကနေသွင်းလဲ ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် Online
ကနေ recovery image(.img)ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်း
မှာ ဖြစ်ပါတယ်။  နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်
အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှာ ထည့်ပြီး အဲဒီ ROM
Manager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်။

ကဲဒီလောက်ဆိုရင်နည်းနည်းတော့ နားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့် ပါတယ်။

Credit : http://naylinaungmdy.blogspot.com


Visit website

♪ Lock ကျသွားတဲ့ Facebook Account ကို ပြန်လည် ရယူဖို့ Trusted Contacts များကို အသုံးပြုနည်း

Facebook က သင့်ရဲ့ အကောင့်ကို ပိုမိုလုံခြုံစေဖို့ Trusted Contacts ဆိုတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုရင် Password မေ့လို့ပဲ ဖြစ်ဖြစ် Hack ခံရလို့ပဲ ဖြစ်ဖြစ် သင့် သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ သင့်အကောင့်ကို ပြန်လည် ရယူ အသုံးပြုနိုင်မှာပါ။
Trusted Contacts များကို သတ်မှတ်ခြင်း။
Trusted Contacts ကို အသုံးပြုဖို့ သင့်ရဲ့ Facebook အကောင့်ထဲသို့ Log In ၀င်ပါ။ Account Settings ထဲကတဆင့် Security ကဏ္ဍကို သွားပါ။ ဘယ်ဘက် Sidebar မှ Trusted Contacts ကို တစ်ချက်နှိပ်ပြီး ညာဘက်မှ Choose Trusted Contacts ကို နှိပ်ပါ။

နောက်တစ်ဆင့်မှာ Trusted Contacts စွမ်းဆောင်ချက်က သင့်ကို ဘယ်လို ကူညီပေးနိုင်လဲဆိုတာ ရှင်းပြပေးမှာပါ။ Choose Trusted Contacts ခလုတ်ကို နှိပ်ပါ။

အနည်းဆုံး သူငယ်ချင်း သုံးယောက်ကနေ အများဆုံး ငါးယောက်အထိ Trusted Contacts အဖြစ် သတ်မှတ်လို့ ရပါတယ်။ နာမည်တွေကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး သူငယ်ချင်း List ကျလာရင် အဲဒီထဲက သင့်ရဲ့ သူငယ်ချင်းကို တစ်ချက်နှိပ်ပြီး ရွေးချယ်ပါ။ သူငယ်ချင်းများ ရွေးချယ်ပြီးရင် Confirm ခလုတ်ကို နှိပ်ပါ။ ပြီးရင်တော့ သင့်ရဲ့ Password ကို ရိုက်ထည့်ပေးပါ။ ဒါကတော့ သင့်ရဲ့ လုံခြုံရေးအတွက် Facebook က စစ်ဆေး အတည်ပြုတာပါ။

Trusted Contacts များကို ရွေးချယ်ရာမှာ စဉ်းစားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်းများကိုသာ Trusted Contact အဖြစ် သတ်မှတ်ပါ။ နောက်ပြီး Facebook ကို အမြဲ အသုံးပြုတဲ့ သူငယ်ချင်းများကိုသာ ရွေးချယ်သင့်သလို Facebook မှာ သိကျွမ်းတဲ့ သူငယ်ချင်း မဟုတ်ဘဲ အပြင်မှာပါ ခင်မင်တဲ့ သူငယ်ချင်းများကို ရွေးချယ်သင့်ပါတယ်။
သင့်အကောင့်ကို ပြန်လည် ရယူခြင်း။
သင့်ရဲ့ အကောင့် Lock ကျရင် ဒါမှမဟုတ် ခိုးယူခံရရင် Trusted Contacts ကို အသုံးပြုပြီး သင့်အကောင့်ကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Facebook Login Screen မှာ Forgotten your password? လင့်ကို နှိပ်ပြီး သင့်ရဲ့ Username, Email Address ကို ထည့်ပေးပြီး Search ကိုနှိပ်ပါ။

နောက်အဆင့်မှာ No longer have access to these? ကို နှိပ်ပါ။

သင့်ရဲ့ Trusted Contacts များကို https://www.facebook.com/recover သို့သွားခိုင်းပါ။ အဲဒီ စာမျက်နှာကနေ သင့်သူငယ်ချင်းများကို ကုဒ်တစ်ခုစီ ပေးမှာ ဖြစ်ပါတယ်။ သင်က အဲဒီကုဒ်တွေကို သူတို့ဆီက ပြန်လည် ရယူပြီး Enter code box မှာ တစ်ခုချင်းစီ ထည့်ပေးပါ။ Continue ကို နှိပ်ပါ။

နောက်အဆင့်မှာတော့ သင့်ရဲ့ Password ကို Reset လုပ်လို့ ရပါပြီ။ Password အသစ်တစ်ခု ထည့်ပေးပြီး Continue ကိုနှိပ်ပါ။

ဒါဆိုရင်တော့ Lock ကျနေတဲ့ သို့မဟုတ် ခိုးယူခံထားရတဲ့ သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Myanmar Digital Life Journal
 
www.pyaephyo.com
Visit website

Thursday, December 18, 2014

ဘာသာစကားဖြင့်ဖုန်းအတွက်ဝန်ဆောင်မှုပေးတဲ့ myanmar answer call apk

 ဒီနေ့ တော့မြန်မာလူမျိုးများအတွက် မြန်မာapkတခုတင်ပေးလိုက်ပါတယ်
ခုဦးလေးကြီးတင်ပေးတဲ့ apkလေးကို လူမျိုးဘာသာမရွေးသုံးဆွဲလိုရပါတယ်
မြန်မာဘာသာစကားဖြင့်ဖွဲစည်းထားလို မြန်မာလူမျိုးများအတွက်လိုခေါင်းစဉ်တပ်ပေးလိုက်တာပါ
တော်ကြာ ဦးလေးကြီးက ခွဲခြားခြားလုပ်တယ်လိုထင်နေအုံးမယ်နော်
သတိ-မိမိတွေရှိသောအရာများကို တခြားသူများအတွက်ပြန်လှန်shareပေးဖို့ 
တိုက်တွန်းလိုက်ပါတယ်
ဒီကောင်းလည်းလေးရဲ့  ၀န်ဆောင်မှုပေးချက်များကတော့
များပြာလှပါတယ် သို့ ပေမယ့် မိမိရဲ့ ရွေးချယ်မှုအပေါ်ကို မှုတည်ပါတယ်
ဖွဲ့ စည်ပုံ
 နာရွတ်အနီးကတ်ခြင်းဖြင့် ဖုန်းကိုင်ခြင်း
လှုပ်ခါခြင်းဖြင့် ဖုန်းကိုင်ခြင်း
ဖုန်းမှောက်ခြင်းဖြင့် ဖုန်းချခြင်း
လှုပ်ခါခြင်းဖြင့် ဖုန်းချခြင်း
စပီကာ အမျိုးမျိုးကို သင့်စိတ်ကြိုက်ပြုပြင်လိုရခြင်း
ဖုန်းကိုင်လိုက်ရင် အချက်ပေးခြင်း
ဖုန်းချလိုက်တဲ့ အခါ အချက်ပေးခြင်း
ဖုန်းမှောက်ခြင်းဖြင့် ဖုန်းမြည်သံရပ်
အ၀င်နံပါတ်ပြောပြခြင်း
ဖုန်းခေါ်ဆိုမှုပြီးလျှင် မှုလစာမျက်နှာသို့ ရောက်ခြင်း
ဇယားဖြောက်ထားလိုရခြင်း
ဖုန်းကိုင်သောအခါ နားရွတ်နှင့်အကွာအဝေးပေးလိုရခြင်း
လှုပ်ခါအား ကိုယ်ကိုတိုင်း ချိန်ဆလိုရခြင်း
စသည်ဖုန်းအတွက်လုပ်ဆောင်ချက်များစွာပါဝင်တဲ့ myanmar answer call apkလေးဟာ
မိမိကြုက်နှစ်သက်သလို အလွယ်တကူ သင့်ကိုယ်တိုင်း
စိတ်တိုင်းကျရွေချယ် အသုံးပြုလိုရပါတယ်
မြန်မာဘာသာဖြင့်ပြုလုပ်ပေးထားတာကြောင့် 
မြန်မာလူမျိုးများကြိုက်နှစ်သက်လိမ့်မယ်လိုထင်ပါတယ်  ဒေါင်းလော့                                                                           
https://www.dropbox.com/s/tc9olpgdcgcnf07/myanmar_answer_call_%28www.ooarkar.com%29Acme_Mobile-by-U_Lay_Gyi.apk?dl=0

VPN အသုံးပြုနည်း

VPN အသုံးပြုနည်းကို မပြောခင် … VPN ဆိုတာဘာလဲ … VPN ကို ဘာကြောင့်သုံးရတာလဲ … ဘာအတွက် သုံးတာလဲဆိုတာလေး နဲနဲပြောခြင်ပါတယ် … ဗဟုသုတအနေနဲ့ပါ …

VPN ဆိုတာ  က Virtual Private Network ဟုဆိုလိုခြင်းဖြစ်ပါတယ် … Virtual Private Network ဆိုတာဘာလဲ ? VPN ဆိုတာ ကိုယ့်ကွန်ပြူတာ ကနေ ပို့လွှတ်လိုက်တဲ့ Data တွေကို အင်တာနက်ထဲမှာ ကိုယ်ဘာလုပ်နေတယ် ဆိုတာ တစ်ခြားသူ တစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ ကြားဖြတ်ဖမ်းယူ ကြည့်ရှုလို့ မရအောင် Data တွေကို VPN Server တွေကနေ Encrypt လုပ်ပစ်ပြီး အင်တာနက်ထဲမှာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံစေအောင် စီမံခန့်ခွဲပေးပါတယ်

 – လုံခြုံမှု အဆင့်မြင့်မားတဲ့ VPN တွေမှာဆိုရင် ကိုယ် အင်တာနက်ထဲမှာ လည်ပတ်သွားလာတဲ့ browsing history တွေကိုတောင် Record လုပ်ထားတာမျိုး မရှိပါဘူး – ဒါ့ကြောင့် သဘောက ကျွန်တော်တို့မှာ IP addresses တွေရှိပြီး ISP နဲ့ ဆက်သွယ် လုပ်ကိုင်နေရတယ် ဆိုပေမယ့် VPN ရဲ့ ကာကွယ်ပေးထားမှုကြောင့် ကျွန်တော်တို့တွေက အင်တာနက်ထဲမှာ Anonymous user သဘောမျိုး ဖြစ်နေမှာပါ။ ကဲ … ဒါက … တခြားဘက်နဲနဲရောက်သွားတယ် … ကျနော်တို့ ဖုန်းနဲ့ပတ်သတ်တာလေးပဲ … ပြန်ပြောရအောင် …

ဖုန်းမှာဘာလို့ VPN သုံးတာလဲဆိုတာကတော့ … Play store က Latest update တွေ လိုချင်လို့ရယ် … Play store မှ Games တွေ Application တွေကို ဝယ်ဖို့အတွက်ရယ်ကြောင့်ပါ … မြန်မာပြည်ကနေ Play store ကို ဝင်ရင် Free Application တွေလောက်ပဲ ဒေါင်းလုပ်လုပ်လို့ရမှာဖြစ်ပြီး … ပိုက်ဆံပေးရတဲ့ Application တွေ တခြားနိုင်ငံထုပ်တဲ့ Application တွေကို မြင်ရမှာမဟုတ်သလို မြင်ရလျှင်လဲ Loaction Error ကြောင့် Download လုပ်ပြီးအသုံးပြုနိုင်မှာမဟုတ်ပါဘူး … အခြားခြားအမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ VPN ကို အသုံးပြုလေ့ရှီပါတယ် … နောက်တစ်ခု လိုအပ်တာလေးတွေကို Freedom ခံပြီး သုံးဖို့ရယ် အတွက်ဆို သဘောပေါက်မယ်လို့ထင်ပါတယ် ….

Application APK တွေ အသုံးပြုပြီးမှ VPN အသုံးပြုလို့ရတာမဟုတ်ပါဘူးခဗျာ … Application တွေမပါပဲနဲ့လဲ VPN အသုံးပြုလို့ရပါတယ် … သိပြီးသားသူတွေလဲရှီမှာပါ … မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ် …

For Android

၁။ Setting > More > VPN ကိုသွားပါ … Box တစ်ခုကြလာပြီး Password တစ်ခုပေးခိုင်းပါလိမ့်မည်။ OK နှိပ်ပါ … Parttern, PIN, Password, Gesture ထဲမှ တစ်ခုခုကိုရွေးချယ်ပြီး Password တစ်ခုတည်ဆောက်ပေးလိုက်ပါ … ထို Password သည် … LockScreen အထိသက်ရောက်ပါတယ် …

၂။ Password ပေးပြီးရင် VPN Main Page ကိုရောက်ရှီသွားပါပြီ။ VPN Main Page ရောက်သွားပေမဲ့ Server တစ်ခုမျှရှီသေးမည်မဟုတ်ပါ။ ကျနော်တို့ အသုံးပြုခြင်တဲ့ နိုင်ငံက Server ကို လှမ်းချိတ်ဆက်ရမည်ဖြစ်ပါတယ် … ကျနော်ကတော့ US VPN server တစ်ခုကို ချိတ်ဆက်ပြပါမယ် … ဤနည်းဖြင့် အခြားနိုင့် VPN Server များကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။

၃။ VPN Main Page မှ အပေါ် ညာဘက်ထောင့်နားက အပေါင်းပုံကို တစ်ချက်နှိပ်ပါ …



၎။ Box တစ်ခုကြလာပါလိမ့်မည် … ပုံတွင်ပြထားသည့်အတိုင်းဖြည့်ပေးလိုက်ပါ … ပြီးရင်တော့ Save လုပ်ပေးလိုက်ပါ။



၅။ ထိုအခါ Server တစ်ခုကို ချိတ်ဆက်ဖို့အတွက် Virtual Private Network တစ်ခုကို မိမိ ကိုယ်တိုင်တည်ဆောက်လို့ပြီးပါပြီခဗျာ ….




၆။ မိမိဖုန်းရဲ့ Mobile Data ကိုဖွင့်ပါ … ပြီးရင် ယခုမြင်တွေ့ရသော VPNBook ကိုတစ်ချက် နှိပ်ပါ … ထိုအခါ … Username နှင့် Password လာတောင်းပါလိမ့်မည် …
Username – vpnbookPassword – DewuwrA2
ကိုဖြည့်ပေးလိုက်ပါ … ပြီးရင် Save account information ကို On ပြီး Connect ကိုနှိပ်လိုက်ပါ …


၇။ စတင်ပြီး Server Connection ရရန် ချိတ်ဆက်နေပါလိမ့်မယ် …


၈။ ချိတ်ဆက်မီပြီဆိုပါက ပုံ၏ ဘယ်လက်အပေါ်တွင် သော့ပုံလေးပေါ်လာပါလိမ့်မည်။

၉။ ထိုအခါ Setting > Application > Google Play Store ကိုသွားပြီး Clear cache/ Clear Data/ Force stop သုံးခုလုံးကို နှိပ်ပေးလိုက်ပါ။ ပြီးပါက Play store ပြန်ဝင်ကြည့်ပါ … ထိုအခါ US မှာ အသုံးပြုတဲ့အတိုင်း Play store မှာအသုံးပြုနိုင်ပါပြီ …

VPNBook Offical Websit

မှာလေ့လာနိုင်ပါတယ် … VPNBook ကဲ့သို့ Website ပေါင်းများစွာရှီပါတယ် … ရှာဖွေအသုံးပြုနိုင်ပါတယ်ခဗျာ …

အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ